Lyrics

Charm Tunes - မမျှော်လင့်တော့ဘူး

Rap - ရင်၁ခုလုံးကို ကြက်ခြေခတ်ထား နင့်ကိုချစ်တဲ့ အချစ်များနဲ့ . နင့်အတွက်ငါ မဖြစ်နိုင်ဘူးလား ခစားချင်တာနင့်အနားပဲ. နင့်အချစ်ကလွဲရင် ဘာ၁ခုမှ ငါမျှော်လင့်မထားခဲ့. ခြေလှမ်းတွေ ဝေဝါးလာခဲ့ အချစ်စစ်နဲ့ အမုန်းစစ်ကြားထဲ. နင့်အတွက်လား ငါ့အတွက်လား ကွဲကွဲပြားပြား သိသားနဲ့. ငါ့ပေးဆပ်မှု မျက်ကွယ်ပြု နင်ငါ့အချစ်ကို ကာဆီးထားတယ်. အကြောင်းပြချက် မပေးခဲ့ပေမယ့် ဘာလဲ ဆိုတာ သိပါတယ်. ငါ့ကိုထားခဲ့ပါ …. နင်စိတ်ချမ်းသာရင်ပြီးတာပဲ. ရပ်တန့်နေတဲ့ တိမ်စိုင်တွေကြား အတွေးတွေ ဟိုဒီ ငေးနေတယ်. ကောင်းကင်ယံတောင် ငါ့အတွက် ကဗျာတွေ သီဖွဲ့ ရေးနေတယ်. ကြယ်လေးတွေလည်း ကံကောင်းအောင် ကြွေကျရင်း ဆုတောင်း ပေးလေရဲ့. သေတဲ့အထိကို ချစ်နေမှာ ငါ့အနားက ထွက်ခွာပြေးနေလည်း …

Cho : နင်ထွက်သွားခဲ့ အဝေးကို ငါ့အပြစ်တွေလို့ စွပ်စွဲပြီး နင်ဈေးဖြတ်ခဲ့. နင်ပျော်မွေ့တဲ့အရပ်ဆီမှာ မင်းနားပါတော့. ငါစွဲလန်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

Rap : နင့်ဖက်နဲ့ ငါ့ဖက် မရှင်းရက်လို့ ထားခဲ့တယ်. မင်းတွက်ချက်တဲ့ ငါ့ဖက်ဆိုတာ မင်းအဆက်ဖြတ်မယ့် ဓား၁လက်. အသွား၁ချက်နဲ့တင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့. လမင်းကိုသာ ခစားရပါစေ. သန်းတစ်ထောင်ထဲက ကြယ်တစ်ပွင့် ဖြစ်လည်း ရတယ်. ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့် ပေးဆပ်ခွင့်တော့ မျှော်လင့်တယ်. ဖုန်းထဲမှာ “ချစ်တယ်” ဆိုပြီး အော်ရင်းနဲ့ သူ့မှာ တခြားတစ်ယောက် ရှိနေလို့ လျှော်သင့်လည်း မျက်ရည်ကျရင်း မျှော်နေမိခဲ့. တစ်လောကလုံး အမှောင်ကျသွားပြီ နင့်နာမည်ကို ခေါ်နေရင်းနဲ့. နင့်အတွက်ဆိုငါ ရူးလို့. နင့်ဖက်ကတော့ မထူးသလို. အပြစ်တွေ ပုံအောချလိုက်စမ်းပါ နင့်အတွက်ငါ ခံယူမလို့. နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေရင်း တွေးမိတိုင်းရင်မှာ စူးလို့. ပြန်လိုချင်ခဲ့တာ နင်နဲ့မတွေ့ခင် အချိန် ၁ခုသို့

Cho : နင်ထွက်သွားခဲ့ အဝေးကို ငါ့အပြစ်တွေလို့ စွပ်စွဲပြီး နင်ဈေးဖြတ်ခဲ့. (အဝေးဆုံး ထွက်မသွားဖို့ ဘဝမှာ အနီးဆုံးမှာပဲ ထားချင်လည်း) နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့. ငါစွဲလန်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး

Rap Bridge : စွန့်လွှတ်ထားတယ်. ပိုင်ဆိုင်ဖို့လည်း မမျှော်လင့်ဘူး. နင့်အတွက်ငါအကုန် ပေးဆပ်ထားတယ်. ရယူဖို့လည်း မမျှော်လင့်ဘူး. အလွမ်းတွေ သီကုံးထားတယ်. နင်မြင်ပါစေလို့ မမျှော်လင့်ဘူး. ငါအရမ်းတန်ဖိုးထားတဲ့ နင့်အချစ် ရဖို့လည်း ငါမမျှော်လင့်တော့ပါဘူး … Sigh …..

Bridge : ငါ့ရဲ့ အချစ်တွေ မင်းမြင်သားနဲ့ ကျောခိုင်းပြီးချန်ခဲ့ ….. မင်းရဲ့ နှုတ်ခမ်းက မဖြစ်နိုင်ဘူးဆို မတန်ဘူး နင်ပြောပြီး …

Cho : နင်ထွက်သွားခဲ့ အဝေးကို ငါ့အပြစ်တွေလို့ စွပ်စွဲပြီး နင်ဈေးဖြတ်ခဲ့. နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့. ငါစွဲလန်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး …. နင်ထွက်သွားခဲ့ အဝေးးးကို ငါ့အပြစ်တွေလို့ စွပ်စွဲပြီး နင်ဈေးဖြတ်ခဲ့. (အတွေးထပ်တူ မကျတဲ့အချိန်မှာ ပြေးထွက်လို့ သွားခဲ့တယ်) နင်ပျော်မွေ့မယ့် အရပ်ဆီမှာ မင်းနားပါတော့. ငါစွဲလန်းခဲ့တဲ့ မင်းအချစ်များကို မမျှော်လင့်တော့ဘူး. You’re my love, girl . မမျှော်လင့်တော့ဘူး You’re my love, girl.

Outro : နင်ထားသွားခဲ့ပေမယ့် နင်ငါ့ကို မချစ်နိုင်လည်း ငါ့လိပ်ပြာ အမြဲထာဝရ နင့်အနားမှာပဲ ရှိနေတယ်. ငါနားလည်လိုက်ပါပြီ. ဆုတောင်းတာ နင့်အတွက် ၁ခု. ဖြစ်ပါစေ နင့်ရဲ့လူက ငါ့လောက်နင့်ကို ချစ်မယ့်သူ …