Lyrics
Charm Tunes - အဖြေ
Verse 1 : မင်းလေးကို ချစ်လို့ နေတယ် ။ အဖြေရရင် လျှောက်လည်ကြမယ် ။ ဒီလိုမျိုး ငါတွေးထားခဲ့ပေမယ့်လည်း မင်းက မလှုပ် မယှက်ပဲ ။ ငါ့အချစ်တွေ မင်းအတွက် အကုန်ယူ ။ တစ်သက်လုံးပေါ့ မင်းကို မမုန်းဘူး ။ ယုံကြည်ပေးပါ အခု လက်ရှိမှာ ငါဘာမှ မရှုပ်တော့ဘူးကွာ
Rap 1 : တစ်သက်တာ အတွက် ရွေးချယ်ခဲ့ ငါ့ဘဝမှာ မင်း၁ယောက်ပဲ ။ တခြားလူတွေ ဘယ်လို ပြောပါစေ မင်းဘယ်လောက်ပဲ ငါ့ကို စေခိုင်း ချုပ်ချယ်ပြီး အမြဲ အနိုင်ယူ အတင်း အော်ငေါက်လည်း ငါဘယ်သူ့ကိုမှ မချစ်နိုင်ပါဘူး မင်းလောက်လည်း ။ အဆုံးသတ် ၁နေ့အထိ ရည်စူးထားတယ် နင်းလျှောက်သွားမယ့် တို့အိပ်မက် ။ နင်နဲ့ အတူရှိရင် ငါ့အတွေး ငါ့ ဘဝင်က မိုးတိမ်ထက် ။ Cupid လို အချစ်မျိုးနဲ့ သစ္စာစကားတွေ တိုင်တည်လို့ ဘဝအဆက်ဆက်သတ်မှတ်ထားတဲ့ နင်က ငါ့ရဲ့ Psyche မို့ ....
Cho : အဖြေပေးပါတော့ကွာ ။ ငါကြားချင်လို့ပါ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အမုန်းများဖြစ်နေမလားကွာ ။ မျက်ဝန်းတွေထဲမှာ ကြည်နူးတဲ့ အပြုံးများ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အချစ်လို့ပဲ ငါယုံကြည်ထားတယ် ။ အချစ်လို့ပဲ ငါယုံကြည်ထားဆဲ ...
Verse 2 : မင်းအတွက်ငါ့အချစ် ။ မင်းအတွက် ငါ့အနမ်း ။ ဒါတွေအားလုံး မင်းလေး၁ယောက်အတွက်ပဲ ။ နင်မငြင်းပယ်နဲ့ ။ အချိုသာဆုံးသော စကားလုံးတွေနဲ့ အသိမ်မွေ့ဆုံးသော နှုတ်ခမ်းလေးတွေလည်း ငါ့ရင်မှာ မီးတို့ ကျွမ်းလောင်လို့ နေခဲ့ပြီ ဘယ်လိုလုပ်မလဲ ?
Rap 2 : မုန်းတယ်လို့ မပြောလိုက်ပါနဲ့ ငါ့ကို အချစ်တွေပေးပါ ။ ငါ့နှလုံးသားကို မင်းစီရင်ချက် အဆုံးအဖြတ်ပေးတဲ့ တစ်နေ့မှာ ရင်ခုန်လွန်းပြီး ရပ်မသွားအောင် ဆုတောင်းတယ် ငါ့နှလုံးသွေးများ ။ ငါ့အချစ်က မပြောင်းလဲပါဘူး မင်း၁ယောက်တည်းပါ ကလေးရာ ။ တဖြည်းဖြည်းနဲ့ နီးစပ်လာမယ့် ငါ့မျှော်လင့်ချက် အပြီးမသတ် ။ တစ်သက်လုံး အမြဲ လက်တွဲဖို့ ရည်စူးထားတဲ့ ခရီးအတွက် ။ ငါက Aladdin ဆို နင်က ငါ့ဆီမီးခွက် ။ နင်က Nang Nak ဆို ငါက နင့်ရဲ့ Pee Mak .!
Cho : အဖြေပေးပါတော့ကွာ ။ ငါကြားချင်လို့ပါ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အမုန်းများဖြစ်နေမလားကွာ ။ မျက်ဝန်းတွေထဲမှာ ကြည်နူးတဲ့ အပြုံးများ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အချစ်လို့ပဲ ငါယုံကြည်ထားတယ် ။ အချစ်လို့ပဲ ငါယုံကြည်ထားဆဲ ...
Bridge : အဖြေပေးပါတော့ကွာ ။ ငါကြားချင်လို့ပါ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အမုန်းများ ဖြစ်နေမလား ???
Cho : အဖြေပေးပါတော့ကွာ (အဖြေပေးလိုက်တော့) ငါကြားချင်လို့ပါ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အမုန်းများဖြစ်နေမလားကွာ (ငါကြားချင်လို့ ငါသိချင်လို့ အမြဲတမ်း ငါမင်းလေးအနားမှာ ရှိချင်လို့) မျက်ဝန်းတွေထဲမှာ (မျက်ဝန်းများထဲ) ကြည်နူးတဲ့ အပြုံးများ ။ မင်းပေးမယ့် ငါ့အတွက် အဖြေဟာ အချစ်လို့ပဲ ငါယုံကြည်ထားတယ် ....