Lyrics
Charm Tunes - တစ်သက်လုံးမင်းနဲ့
Cho : မင်းလေးအနားရှိပေးချိန် ငါ့အတွက်အရာရာ ပြည့်စုံတယ်။ အတူတည်ဆောက်ကြမယ့် ဘဝ၁ခုထဲ အသိုင်းအဝိုင်း အချုပ်အနှောင်များနဲ့ ကြုံတွေ့ရမယ့် လောကဓံများကို မင်းလက်ကလေး ကိုင်စွဲပြီး အခက်အခဲအားလုံး ကာဆီးပေးထားမယ်။
V : မင်းနဲ့ငါ နီးစပ်ဖို့ကို ဘယ်လောက်ဝေးကွာရမလဲ? ပင်လယ်တွေ ခြားနေပါစေကွယ်။ အချစ်စစ်ရဲ့ ခရီးလမ်းမှာ ဆူးညှောင့်ခလုတ်တို့ ရှိမယ်။ မျှော်လင့်ချက်တို့ ဝေးကွာနေလည်း..
PreCho : ပျော်ရွှင်ရမယ့် နေ့တို့တွေးကာ အိပ်စက်ပါတော့။ အသိုင်းအဝိုင်းရဲ့ ပညတ်ချက်တွေဟာ ဘေးစကားတွေပေါ့။ ငါတို့ ၂ယောက် လက်တွဲပြီး ရှေ့ဆက်သွားမယ့် ခရီးထဲ ဘယ်လို အတားအဆီးမျိုး ရှိပါစေ မင်းနဲ့ဆို အရာရာ ရင်ဆိုင်ရဲတယ်
Cho : မင်းလေးအနားရှိပေးချိန် ငါ့အတွက်အရာရာ ပြည့်စုံတယ်။ အတူတည်ဆောက်ကြမယ့် ဘဝ၁ခုထဲ အသိုင်းအဝိုင်း အချုပ်အနှောင်များနဲ့ ကြုံတွေ့ရမယ့် လောကဓံများကို မင်းလက်ကလေး ကိုင်စွဲပြီး အခက်အခဲအားလုံး ကာဆီးပေးထားမယ်။
Rap : အခက်အခဲတွေ ကြုံတိုင်းမှာ အတူတွဲလိုြ ရင်ဆိုင်ကြမယ် ဘယ်တော့မှ မခွဲကြေး။ ငါ့သစ္စာ မင်းအပေါ်မှာ ထားတာက ထာဝရအမြဲလေ။ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်က တို့၂ယောက်ကြား အခါအခါ နှောက်ယှက် ခွဲနေလည်း မင်းလေးသာ ငါ့ဘေးရှိရင် ကျန်တာ ဖွဲနဲ့ ဆန်ကွဲတွေပဲ။ ၂ယောက် အတူ တည်ဆောက်ခဲ့ကြတဲ့ အချစ်အိမ်လေးကို ဘယ်တော့မှ ပျောက်ပျက်မသွားဖို့ အထပ်ထပ် အကြိမ်ကြိမ် ကတိတွေပေးလို့။ ဝေးရမလား အတွေးတွေ ဘေးပို့။ ငါသိတာက ၁ခုတည်း .. ဘာတွေဖြစ်ဖြစ် မင်းဘေးနားမှာ ထာဝရတိုင် ချစ်နေပေးဖို့ .. ဘေးစကားတွေ ကြားယောင်ပြီးတော့ မင်းလေးလည်း စိတ်ဆင်းရဲလာမယ်။ မင်းအနားမှာ ငါရှိနေတယ်
လက်တွေခိုင်ခိုင်တွဲထားတာပဲ
တကယ်ချစ်ရင် ညားရမယ် ဘာလို့ဆုံမှတ်လွဲရမှာလဲ? မင်းငါ့ဖက် မရှိရင်တော့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ဒါကြောင့် ခွဲမသွားပါနဲ့။ မိန်းကလေးမို့ စိတ်ပူနေလည်း ခွဲခွာရမယ့် အကြောင်းတို့ ဘေးဖယ်။ မင်းရှေ့မှာ မဟာတံတိုင်းလို ကာဆီးပေးမယ်။ မြက်ခင်းစိမ်းပေါ် ကြယ်တွေကို ရေတွက်ရင်း ၁နေ့မှာ ပေါင်းဖက်ရမယ် အတွေးနဲ့ .. မျက်လုံးလေးမှိတ်ထား ... ယုံကြည်ပြီး ကိုယ့်ရဲ့ရင်မှာ စိတ်ချလက်ချ မှေးစက်လိုက်ပါတော့ ကလေးရယ် ..
Cho : မင်းလေးအနားရှိပေးချိန် ငါ့အတွက်အရာရာ ပြည့်စုံတယ်။ အတူတည်ဆောက်ကြမယ့် ဘဝ၁ခုထဲ အသိုင်းအဝိုင်း အချုပ်အနှောင်များနဲ့ ကြုံတွေ့ရမယ့် လောကဓံများကို မင်းလက်ကလေး ကိုင်စွဲပြီး အခက်အခဲအားလုံး ကာဆီးပေးထားမယ်။
Outro : နေချင်တာ မင်းလေးနဲ့ ၁သက်လုံးပဲ ။ မင်းလေးနဲ့ ၁သက်လုံးပဲ ငါ့ရဲ့ဘဝမှာ နေချင်တာ မင်းလေးနဲ့ ၁သက်လုံးပဲ ။ မင်းလေးနဲ့ ၁သက်လုံးပဲ နေချင်တာ ငါ့ရဲ့ ဘဝမှာ