Lyrics
Verse : တစ်နေ့မှာ ဆုံတွေ့ခဲ့တယ်။ ထင်မှတ်မထားမိဘဲနဲ့ မင်းအကြည့်တွေစူး မင်းအလှမှာရူး။ တစ်နေ့တော့ တို့ချစ်ခဲ့တယ်။ တန်ဖိုးဖြတ်မရတဲ့ အချစ်တစ်ခုနဲ့၊ အဲဒီနေ့က စပြီး မင်းအပေါ်မှာ မပြောင်းလဲပါဘူး။
Cho : I can't help but I'm falling in love with you. Now I know that feeling that many people write poems about. And I wanna go through ages with you cause I daren't think of what my world would be without you.
Rap : ဘဝတစ်ကွေ့ထဲ December ရဲ့ ညနေခင်းတစ်ခုမှာ မင်းကိုငါ စတွေ့တယ်။ ပြစ်ချက်ကင်းတဲ့ မင်းလေးကို ငါ့အတွက် ဘုရားပေးတယ်။ လောကကြီးရဲ့ ဖြစ်တည်မှုကိုတောင် ခဏမေ့တယ်။ မခွဲခြားနိုင် အမှန်အမှားတွေလည်း၊ နဖူးစာက လမ်းမှားပြီးမှ ငါ့ဆီကို ရောက်လာခဲ့တာလည်း ကံတရားတွေပဲ။ ဒီမျက်ဝန်း ဒီအသံ ဒီရုပ်လွှာ ငါခြေတစ်လှမ်းမှတောင် မဆုတ်ခွာနိုင်၊ နူးညံ့လွန်းတဲ့ ဘယ်မိန်းမပျိုမဆို မင်းနဲ့တွေ့ရင်တော့ ရှုံးမှာ၊ မင်းအကြည့်မှာ အတုံးအရုံး လဲကျ တစ်မိနစ်လောက် နေချင်မိတာပဲ၊ မင်းရဲ့အနားကနေ တစ်ဖဝါးမှ မခွာဘဲ အရိပ်လိုပဲ ငါဝဲမှာ။ မဖြစ်သင့်ဘူးလို့ မဆိုင်သူတွေ ဘယ်လိုပဲ ကြားဝင်ထောက်ပြ ဝေဖန်ပါစေ။ ရေစုန်နဲ့ အတူမျောလာခဲ့တဲ့ငါက မင်းနဲ့ လမ်းတစ်ဝက်က ရေဆန်မှာတွေ့၊ ဒီခရီးလမ်းက လေထန်ပါစေ၊ မင်းနဲ့ဝေးပြီးတော့ နေရန် ငါမတွေး၊ ဘဝမှာ ရှင်းမရတဲ့ ပုစ္ဆာ တစ်ပုဒ်ကို မင်းနဲ့ကျမှ အဖြေမှန်ရှာတွေ့၊ ကိန္နရီ ကိန္နရာလို ချောင်းမခြားဖို့ ငါဘုရားမှာ တိုင်တည် ဆုတောင်းထားတယ်။ အစကောင်းခဲ့တဲ့ ဒီ ဇာတ်လမ်းရဲ့ အဆုံးမှာလည်း မင်းနဲ့ ငါနဲ့ ပေါင်းရမယ်။ တောက်ပလွန်းတဲ့ အိပ်မက်တစ်စုံနဲ့ ရေးခြစ်ထားတဲ့ အနာဂတ်ရယ်၊ ပန်းတွေဝေနေတဲ့ ကော်ဇောပေါ် တစ်နေ့မှာ အတူ လက်တွဲလို့ လျှောက်ကြမယ်။
Cho : I can't help but I'm falling in love with you. Now I know that feeling that many people write poems about. And I wanna go through ages with you cause I daren't think of what my world would be without you.
Bridge : အတူ လက်တွဲဖို့ ဆုံးဖြတ်ထားပြီပဲ၊ I'm more than ready for whatever it takes